Tuesday, April 1, 2014

စီးပွား စွန့်ဦး ကြိုးစားသူများ ရှောင်ရှားရမည့် ရန်သူ ၃ ချက်
============================
Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုး ပါ။ စီးပွား စွန့်ဦး တီထွင် ကြိုးစားနေသူ ( Entrepreneur ) များ အတွက် ရှောင်ရှား ရမယ့် ရန်သူ ၃ မျိုး ဖြစ် ပါတယ်။ အဲဒါတွေ ကတော့ -
~ စိုးရိမ်ပူပန်စိတ်
စိုးရိမ် ပူပန် စိတ်ဟာ လည်း အကြီးမား ဆုံး ရန်သူ တစ်ခု ဖြစ်ပါ တယ်။ အလုပ် ဖိစီးမှု၊ ပြဿနာ မဖြေရှင်း နိုင်မှု က စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြ ချက် တွေ ဖြစ်ပါ တယ်။ ဒါကြောင့် အရာ ကိစ္စ တိုင်းမှာ စိုးရိမ်၊ အပူပင် ကင်းစွာ ဖြေရှင်း နိုင်ခြင်း က ရန်သူ တစ်ပါး ကို တိုက် ထုတ် နိုင်ခြင်း ဖြစ်ပါတယ်။
~ သက်သောက် သင့်သာ ရှိမှု
သက်သောက် သက်သာ ရှိတာက သူ့ဘာသူ ရှိတာပါ။ သို့ပေမယ့် အဲ့ဒီ အရာ ကို ကြိုက် နှစ် သက်ပြီး လိုက်လံ စီးမြော ခံစား နေရင် ရန်သူ တစ်ပါး ကို ရှုံးနိမ့် လိုက်ပါပြီ။ ထိုင်ခုံ ရာထူး တစ်ခု မှ အေးအေး ဆေးဆေး ရှိနေမယ်။ သို့တည်း မဟုတ် လက်ရှိ ဘဝ နေထိုင်မှု ပုံစံက ကိုယ့် အ တွက် အေးအေး ဆေးဆေး ဖြစ်မယ် လို့ သတ်မှတ်ပြီး ရွေးချယ် လိုက်မိပြီ ဆိုရင် ဘယ် အတွေး အခေါ် အိုင်ဒီယာ သစ် မှ မထုတ်နိုင် တော့ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အရင်းတွေနဲ့  ပဲ အချိန်ဖြုန်း နေမယ့် အစား မိတ်ဆွေ အသစ်၊ Customer အသစ်များ ရှာဖွေလို့ ကွန်ရက်ချဲ့  ထွင် တာ မျိုး လို့ လုပ်ဖို့ စိတ် အားထက်သန် နေရ ပါမယ်။ သက်သောင့် သက်သာ ရှိတဲ့ အရာ တွေ ကို သာ ရွေးချယ် လုပ်ကိုင် တတ်ခြင်း ဟာ Entrepreneur တွေကို ကျရှံး စေခြင်း အကြောင်း တရား တစ် ခုပဲ ဖြစ်ပါတယ်။
ရောင့်ရဲ တင့်တိမ်မှု
ကိုယ်က အရမ်း ကြိုးစားနေတယ်။ ဒါကို သိမြင် တဲ့ ကုမ္မဏီ တစ်ခုက ကိုယ့်ကို ရာထူး ကြီးကြီး နဲ့ ခေါ်လိုက်ပီး သက်လဲ သက်သာ တယ်။ လစာ လည်း ကောင်း တယ်။ ရှယ်ပဲ ဆိုပြီး ရွေးလိုက်တာ နဲ့ ဘယ်တော့မှ စီးပွားရေး လုပ်ငန်းရှင် မဖြစ်တော့  ပါဘူး။ သူတစ်ပါး ခိုင်းဘက် ဘဝနဲ့ တစ်သက်လုံး နေ သွား ရမှာပါ။ ဒါကိုလည်း တော်ပါပြီလေ လို့ ရောင့်ရဲ တတ်မှု ကလည်း ရှိပါသေး တယ် ။ အချို့ ကျ တော့လည်း လုပ်တာတော့ လုပ်လိုက် တယ်။ အခြေအနေ တစ်ခု၊ ပန်းတိုင် တစ်ခု ကို ရောက်ပြီး တာနဲ့ အနားယူ သင့်ပြီး၊ ရောင့်ရဲ သင့်ပြီ လို့ တွေးပြီး နေလိုက်ပြီ ဆိုရင် complacency က ကိုယ့် ကို တိုက်ခိုက် အောင်မြင် သွားပါပြီ။
ဒီတော့ အနှစ်ချုပ် အားဖြင့် စိုးရိမ်စိတ်၊ သက်သောက် သက်သာ နဲ့ ရောင့်ရဲ တတ် စိတ် အစရှိတဲ့ ၃ ချက်က Entrepreneur တို့အတွက် ရန်သူ များ ဖြစ်တာ မို့ ခွန်အား ရှိ သလောက် တွန်းလှံပြီး တိုက် ခိုက် သွားဖို့ လိုအပ် ပါတယ်။

No comments:

Post a Comment